Background
နောက်ခံအကြောင်းအရင်း
အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံသည် နယ်ပယ်စုံဆက်ဆံရေး ကောင်းမွန်စွာရှိနေပြီး၊ ကီလိုမီတာ (၁၅၀၀) ကျော် နယ်နမိတ်ထိစပ်နေသည်။ မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်း ဒုတိယအကြီးဆုံးဒေသဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးသည်၊ အိန္ဒိယနိုင်ငံ၏ (Manipur State) မဏိပူရပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေပြီး၊ မြန်မာနိုင်ငံ၏ ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ (Mizoram State) မစ်ဇိုရမ်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည်။
လူဦးရေ (၁.၃) ဘီလီယံကျော်ရှိသည့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ် (၇) ခု (Arunachal Pradesh, Nagaland, Manipur, Mizoram, Assam, Tripura, Meghalaya) သည်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှု၊ ကူးလူးဆက်ဆံမှု စသည့် ပထဝီနိုင်ငံရေးအနေအထားများအရ နီးကပ်ထိစပ်မှုရှိရုံသာမက၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အပါအဝင် ဒေသတွင်းနိုင်ငံများ အတွက်ပါ ဈေးကွက်အရ အရေးပါသော ဒေသများဖြစ်သည်။ ထိုပြည်နယ် (၇) ခုသည် စုစုပေါင်းလူဦးရေ (၉၃) သန်းကျော်ရှိပြီး၊ လက်ရှိတွင် အဝတ်အထည်၊ အစားအသောက်၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများ စသည်တို့ကို မြန်မာနိုင်ငံ တမူး-မိုးရေး နယ်စပ်နှင့် ရိဒ်-ဇိုခွပ်သာ နယ်စပ် ကဲ့သို့သော ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် ဝယ်ယူနေသည်။
ထိုနယ်စပ်ဂိတ်များသည်၊ ၂၀၁၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှစပြီး၊ နိုင်ငံတကာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာတို့ဖြင့်လည်း နှစ်နိုင်ငံနှင့် တခြားနိုင်ငံ များသို့ ဝင်ထွက်သွားလာနိုင်ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အရှေ့ဆောင်မူဝါဒ (Act East Policy) အောင်မြင်ရေးအတွက် မဏိပူရပြည်နယ်ကို အဓိကထားပြီး အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်းကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်နေသည်။
About Us
ဦးစိုးမြင့် နှင့် မိတ်ဆွေ (၂) ယောက် (သို့) ၄ ယောက် ငွေကြေးရင်းနှီးမြုပ်နှံထည့်ဝင်ပြီး Private Limited Company ဖြစ်သည်။ ထိုသူတို့အားလုံးသည် Board of Directors (BOD) များဖြစ်ပြီး၊ ဦးစိုးမြင့်သည် Managing Director ဖြစ်သည်။
Our History
Kabaw Business Co. Ltd.
Our Vision
(၁) နှစ်နိုင်ငံခရီးသွားလာရေး လုပ်ငန်း
(၂) ကုန်သွယ်ရေး နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း
(၃) စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်း
(၄) ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်း
Section subtitle
Get in touch
Kabaw Business Office
Bogyoke Road
Zaytan 5th Quarter
Tamu Township, Sagaing Region, Myanmar